“MPT က မြန်မာပြည်သူများ နှင့် အမြဲအတူရှိနေပြီး ရခိုင်ဒေသမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် တယ်လီကွန်းဝန်ဆောင်မှုများ ထောက်ပံ့ဆောင်ရွက်ပေးသွားမည်”

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်) _ “အတူလက်တွဲ အမြဲရှိမည်”ဟူသည့် ကတိကဝတ်အတိုင်း MPT က ရခိုင်ဒေသမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ၎င်းတို့၏ မိတ်ဆွေများ၊ မိသားစုများ နှင့် အဆက်အသွယ်ရရှိနိုင်ရန် နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်  အထောက်အကူဖြစ်စေရန် တယ်လီကွန်ဝန်ဆောင်မှုများဖြစ်သည့် MPT ဖုန်း အချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ စာတိုပေးပို့ခွင့် နှင့် ဒေတာ(1GB)   များကို  ပေးအပ်လိုက်ပါသည်။

MPT အနေဖြင့် မုန်တိုင်းဒဏ်ကြောင့် တာဝါပြိုလဲမှု၏ အကျိုးဆက်အဖြစ် ဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်နေရသည့်အပေါ် အနူးအညွတ်တောင်းပန်အပ်ပါသည်။ သက်ဆိုင်ရာ အင်ဂျင်နီယာ အဖွဲ့အနေဖြင့် ရခိုင်ဒေသအတွင်းဆက်သွယ်ရေးဝန်ဆောင်မှုများ    နဂိုအတိုင်း  ပြန်လည်ကောင်းမွန်စေရန်အတွက် ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး လျင်မြန်စွာ  ဆောင်ရွက်နေပါသည်။  သုံးစွဲသူပြည်သူများ၏ စိတ်ရှည်မှုနှင့် နားလည်ပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ မုန်တိုင်းဒဏ်သင့်ပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက်လည်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။