ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏-လုပ်ငန်းစဉ်များ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ငန်းစဉ်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန/ လုပ်ငန်းစဉ်များ

 

 

Vision (မျှော်မှန်းချက်)

“Safe, Secure and Sustainable Shipping on Clean Seas”

 “ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အန္တရာယ်ကင်းရှင်း လုံခြုံစွာဖြင့်

ရေထုညစ်ညမ်းမှုကင်းစင်၍ ရေရှည်တည်တံ့ ခိုင်မြဲစေရန်”

 

Mission (ရည်မှန်းချက်တာဝန်များ)

1.      To develop and implement maritime legislations;

၁။      ရေကြောင်းဘက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်၊

2.      To ensure safety of navigation along the coast and in Myanmar waters;

၂။      မြန်မာ့ရေပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် ရေကြောင်းအန္တရာယ်ကင်းရှင်းစေရန်၊

3.      To ensure maritime, ships and port facilities security;

၃။      မြန်မာနိုင်ငံ၏ ရေကြောင်းသင်္ဘောများ နှင့် ဆိပ်ကမ်းများလုံခြုံမှုရှိစေရန်၊

4.      To prevent and response to marine pollution;

၄။      မြန်မာ့ရေပြင်၌ ရေထုညစ်ညမ်းမှု မဖြစ်ပွားစေရေး ကာကွယ်တားဆီးရန်နှင့် တုံ့ပြန် ဆောင်ရွက်ရန်၊

5.      To enhance safety standards of national flagged ships and expansion of Myanmar fleet;

၅။      မြန်မာသင်္ဘောများ၏ အရေအတွက်နှင့် အဆင့်အတန်း တိုးတက်မြင့်မားစေရန်၊

6.      To raise the competency standards of Myanmar seafarers in accordance with the International Conventions and keeping abreast with international standards as well as to promote employment opportunities and seafarers’ rights;

၆။      အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ မြန်မာ သင်္ဘောသားများ၏ ကျွမ်းကျင်မှု အဆင့်အတန်းမြင့်မားစေရန်၊ ၎င်းတို့၏ ရပိုင်ခွင့် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊

7.      To ensure human resource development in the maritime industry;

၇။      ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊

8.      To facilitate efficient and effective maritime services by utilizing modernized and innovative technology.

၈။      ရေကြောင်းဘက်ဆိုင်ရာ လုပ်ငန်းများကို ခေတ်နှင့်အညီ နည်းပညာ၊ ဆန်းသစ် တီထွင်မှုဖြင့် စွမ်းရည်ပြည့်ဝ၍ ထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုများပေးရန်၊

 

 

Policy (မူဝါဒ)

1.      Ensure maritime safety, security and protection of the marine environment;

၁။      ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊လုံခြုံရေးနှင့်ရေထုညစ်ညမ်းမှုကာကွယ်တားဆီးရေး၊

2.      Strengthen maritime governance through the effective implementation and enforcement of the responsibilities of a flag State, port State and coastal State.

၂။      အလံတင်နိုင်ငံ၊ ဆိပ်ကမ်းနိုင်ငံနှင့် ကမ်းရိုးတန်းနိုင်ငံ၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေကြောင်းဘက် ဆိုင်ရာအုပ်ချုပ်မှုယန္တရား ခိုင်မာအားကောင်းစေရေး။

3.      Maritime Human Resource Development; Raising standards of competence of Myanmar seafarers and promotion employment opportunities;

၃။      ရေကြောင်းကဏ္ဍ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာသင်္ဘောသားများ ၏ကျွမ်းကျင်မှုအဆင့်အတန်းမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရေး၊

 

 

 

 

Functions (လုပ်ငန်းတာဝန်များ)

1.      Development and implementation of maritime laws, rules, regulations and subsidiary legislations;

၁။      ရေ‌ကြောင်းဘက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့် တစ်ဆင့်ခံဥပဒေများ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊

2.      Effective implementation of the international conventions and instruments;

၂။      အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် စာချုပ်စာတမ်းများကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊

3.      Dealing with MoUs and shipping agreements among ASEAN, BIMSTEC and regional countries, and also bilateral agreements between neighbouring States.

၃။      အာဆီယံ(ASEAN)၊ ဘင်းမ်စတက်(BIMSTEC) နှင့် ဒေသတွင်းနိုင်ငံများအကြား သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

4.      Acting as a focal department on behalf of the Government as a Member State of International Maritime Organization (IMO);

၄။      အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (IMO) အဖွဲ့ဝင်နိုင်ငံ၏ တာဝန်ဝတ္တရားများကို နိုင်ငံကိုယ်စား တာဝန်ခံဌာနအဖြစ် ဆောင်ရွက်ခြင်း၊

5.      Flag State implementation on Myanmar registered ships, port State control over the foreign-flagged ships and exercising rights and duties of a coastal State.

၅။      မြန်မာသင်္ဘောများအတွက် အလံတင်နိုင်ငံအစိုးရ (Flag State) အဖြစ် လည်း ကောင်း၊ နိုင်ငံခြားသင်္ဘောများအတွက် ဆိပ်ကမ်းနိုင်ငံအစိုးရ (Port State) အဖြစ် လည်းကောင်း၊ ကမ်းရိုးတန်းနိုင်ငံအစိုးရ (Coastal State) အဖြစ်လည်းကောင်း လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်း၊

6.      Registering Myanmar ships: international, coastal and inland vessels, including fishing vessels;

၆။      နိုင်ငံခြားသွား၊ ကမ်းရိုးတန်းသွားနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များ၊ လူမပါစင်းလုံးငှါး ရေယာဉ်များကို မှတ်ပုံတင်ခြင်း၊

7.      Flag State surveys and inspections, and certification for international, coastal and inland vessels, including fishing vessels;

၇။      နိုင်ငံခြားသွား၊ ကမ်းရိုးတန်းသွားနှင့် ပြည်တွင်း ရေကြောင်းသွားရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များကို စစ်ဆေးခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်း၊

8.      Issuing shipping transport licenses for coastal and inland vessels;

၈။      မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊

9.      Conducting port State control inspection and enforcement in accordance with the Indian Ocean Port State Control MoU on foreign ships calling to Myanmar ports;

၉။      မြန်မာနိုင်ငံဆိပ်ကမ်းများသို့ ဝင်ရောက်လာသော နိုင်ငံခြားသင်္ဘောများကို IOMOU (Indian Ocean Port State Control MoU)သတ်မှတ်ချက်များနှင့်အညီ တက်ရောက်စစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊

10.    Disseminating notices to mariners and coordinating between relevant agencies for maritime search and rescue activities;

၁၀။    ရေကြောင်းသတိပေးချက်များ ထုတ်ပြန်ခြင်းနှင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊

11.    Carrying out unscheduled inspections and conducting maritime accident investigations;

၁၁။    ရေကြောင်းမတော်တဆမှုများကိုစုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူဆောင်ရွက်ခြင်း၊

12.    Supervising international port facilities within Myanmar to have developed port facility security plans and issuing Statement of Compliance for port facility;

၁၂။    နိုင်ငံတော်အတွင်းရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် လုံခြုံရေးစီမံချက်များ ရေးဆွဲထားရှိစေခြင်း၊ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း နှင့် ကြီးကြပ် စစ်ဆေးခြင်း၊

13.    Monitoring through Long-Range Identification and Tracking of Ships (LRIT) System:

၁၃။    သင်္ဘောများကို တာဝေးမှ LRIT (Long-Range Identification and Tracking of Ships) ဖြင့် စောင့်ကြပ်ကြည့်ရှုခြင်း၊

14.    Monitoring through Automatic Identification System (AIS) for vessels navigating in coastal waters;

၁၄။    မြန်မာ့ကမ်းရိုးတန်းရေပြင်အတွင်းရှိ ရေယာဉ်များကို AIS (Automatic Identification System) ဖြင့် စောင့်ကြပ်ကြည့်ရှုခြင်း၊

15.    Prevention of and response to marine pollution from ships and dealing with the maritime claims arising from pollution damages;

၁၅။    ရေယာဉ်များကြောင့် ရေထုညစ်ညမ်းမှုမဖြစ်ပွားစေရန် ကာကွယ်တားဆီးခြင်းနှင့် ယိုဖိတ်ညစ်ညမ်းမှု ဖြစ်ပွားပါက လျော်ကြေးတောင်းခံခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

16.    Supervising and control over ships, ports and offshore facilities to be provided with contingency plans to response to marine spills;

၁၆။    ရေယာဉ်များ၊ ဆိပ်ကမ်းများနှင့် ကမ်းလွန်တွင်းတူးစင်များတွင် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေး အစီအမံများထားရှိစေရေးကြီးကြပ်ဆောင်ရွက်ခြင်း၊

17.    Development and implementation of National Contingency Plan for Marine Pollution, and States and Regions Contingency Plans for the preparedness and response to marine pollution;

၁၇။    အမျိုးသားအဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

18.    Participating and execution of regional contingency plan for oil pollution preparedness and response mechanism established under the MoU between regional countries;

၁၈။    ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

19.    Monitoring and supervising maritime education and training in accordance with the international conventions;

၁၉။    အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့်အညီ ရေကြောင်းဘက်ဆိုင်ရာ လေ့ကျင့် သင်ကြားရေးတွင် ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

20.    Conducting examinations and assessments in accordance with the international standards and issuing seafarer’s certificates of competency and proficiency as well as verifications for authenticity of certificates issued by the Department;

၂၀။    သင်္ဘောသားများ ကျွမ်းကျင်မှု နှင့် တတ်ကျွမ်းမှု အရည်အချင်းပြည့်မီစေရေး နိုင်ငံတကာ စံနှုန်းများနှင့်အညီ စစ်ဆေးအကဲဖြတ်ခြင်း၊ လက်မှတ်ထုတ်ပေးခြင်းနှင့် စိစစ်အတည်ပြုပြန်ကြားပေးခြင်း၊

21.    Supervising in the conduct of medical examination and certification for seafarers by approved medical doctors in accordance with the IMO and ILO guidelines;

၂၁။    အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (IMO) နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO) တို့၏ ပြဋ္ဌာန်းချက်များနှင့်အညီ သင်္ဘောသားများအတွက် ဆေးစစ်ခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်း ဆိုင်ရာကိစ္စရပ်များအား ကြီးကြပ် ဆောင်ရွက်ခြင်း၊

22.    Supervising seafarers recruitment and placement services;

၂၂။     သင်္ဘောသား အလုပ်အကိုင်နေရာချထားသည့် ဝန်ဆောင်မှုလုပ်ငန်း (SRPS) ကုမ္ပဏီ များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်း၊

23.    Oversight of agreement contracts between shipowners and seafarers under the stipulated terms and conditions;

၂၃။    မြန်မာသင်္ဘောသားများနှင့် ရေယာဉ်ပိုင်ရှင်များအကြား အလုပ်ရှင်/အလုပ်သမား စာချုပ် စည်းကမ်းဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ခြင်း၊

24.    Issuing Seafarer’s Identification and Record Book (SIRB) and Seafarer’s Identity Document (SID); and

၂၄။    သင်္ဘောသားမှတ်ပုံတင်နှင့်လုပ်သက်မှတ်တမ်းစာအုပ်(SIRB) နှင့် အထောက်အထား လက်မှတ်(SID) များထုတ်ပေးခြင်း၊

25.    Promotion of Myanmar seafarers’ employment opportunities and protection of their rights under the international and national regulatory framework.

၂၅။    မြန်မာသင်္ဘောသားများ၏ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးနှင့် အပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ တည်ဆဲဥပဒေများနှင့်အညီ သင်္ဘောသားများ၏ ရပိုင်ခွင့်များကို ကာကွယ်ပေးခြင်း၊