မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၀း၁၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉) နာရီ၊ (၅၃) မိနစ်၊ (၃၄) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၁၀၉) မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ခန္တီးမြို့၏ အရှေ့တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၈၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၇) ဒီဂရီ၊ အနက် (၈၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၈(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။