AI-Driven Transformation သင်တန်း၊ Advanced Excel (Online) သင်တန်း၊ Advanced Networking - I သင်တန်းနှင့် Windows Server Administration -I သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည့် AI-Driven Transformation သင်တန်း၊ Advanced Excel (Online) သင်တန်း၊ Advanced Networking - I သင်တန်းနှင့် Windows Server Administration -I သင်တန်းများ၏ သင်တန်းဆင်းပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး  ဒေါ်နှင်းခိုင်အေးနှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း  ၁၀၆  ဦး တို့ တက်ရောက် ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။