သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ်စဉ် (ITCS-၅၉/၂၀၂၅)
၁။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ (ဧပြီလမှမတ်လ)အထိ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူ/လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ တင်ဒါပေးသွင်းလိုသူ လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ ဆောင်ရွက်မည့် လုပ်ငန်းမှာ−
|
(က) |
ITCS-၅၉/၂၀၂၅ |
Disaster Recovery စနစ်တည်ဆောက်ခြင်းလုပ်ငန်း |
တင်ဒါပုံစံ စတင်ရောင်းချမည့်ရက် - ၉-၁-၂၀၂၆ ရက်နေ့မှ ၂၂-၁-၂၀၂၆ ရက်နေ့အထိ
တင်ဒါပုံစံ ရောင်းချမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊
ရုံးအမှတ် (၂)၊ နေပြည်တော်
တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊
ရုံးအမှတ် (၂)၊ နေပြည်တော်
တင်ဒါနောက်ဆုံးတင်သွင်းရမည့် - ၂၃-၁-၂၀၂၆ (သောကြာနေ့) ၊ (၁၃:၀၀) နာရီအထိ
နေ့ရက်နှင့်အချိန်
တင်ဒါစာရွက်စာတမ်းကြေး - ကျပ် ၁၅,၀၀၀/- (ကျပ်တစ်သောင်းငါးထောင်တိတိ)
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊ ရုံးအမှတ် (၂) ၊ နေပြည်တော်ဖုန်း ၀၆၇−၃၄၀၇၇၅၃ နှင့် ၀၆၇−၃၄၂၀၂၀၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ(ဆက်သွယ်ရေး)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

