ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Applied AI Tools for Smarter, Secure and Ethical Practices သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ရုံးအမှတ် ၂၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၃၁ ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

