Applied AI Tools for Smarter, Secure and Ethical Practices သင်တန်းဆင်းပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Applied AI Tools for Smarter, Secure and Ethical Practices သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် ၂၊ စုပေါင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၃၂ ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့်  သင်တန်းသား/ သင်တန်းသူများအား ထူးချွန်ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။