ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ စစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လေဆိပ် Operator ဖြစ်သည့်  Pionner Aerodrome Service – PAS မှ တာဝန်ရှိသူများနှင့်အတူ လေယာဉ်ပြေးလမ်း ဝဲ/ယာတစ်‌လျှောက် မြက်ဖြတ်ထားရှိမှု၊ ကိုင်း/ချုံပင်များ ရှင်းလင်းထားရှိမှုနှင့် လေဆိပ်ခရီးသည် Terminal အတွင်း ပြည်တွင်းခရီးသွားများ ဆိုက်ရောက်/ထွက်ခွာ အသုံးပြုလျက်ရှိသည့် Cheek in Counter များ၊ X-Ray စက်များ၊ Toilet များ၊ ခရီးသည်ထိုင်ခုံများ စနစ်တကျရှိ၊ မရှိကို လိုက်လံ စစ်ဆေးခဲ့သည်။

စစ်ဆေးပြီးနောက် ဒုတိယဝန်ကြီးက လေဆိပ် ဝင်/ထွက်လမ်း ဝဲ/ယာ ပလက်ဖောင်းဘေးရှိ မြက်များဖြတ်ခြင်းနှင့် လမ်းလယ်ကျွန်းများရှိ ပန်းပင်များ ညှိထားပြီးမြက်များ ရှင်းလင်းဆောင်ရွက်ထားရန်၊  လေယာဉ်ချဉ်းကပ်ဆင်းသက်လာစဉ် လေယာဉ်ပြေးလမ်း ဝဲ/ယာတစ်လျှောက် သတ်မှတ်ချက်နှင့်အညီ မြက်ဖြတ်ခြင်း ဆောင်ရွက်ထားရန်၊ ချုံ/ကိုင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်ထားရန်၊ မြက်ဖြတ်စများကို တစ်ပါတည်း ရှင်းလင်းဆောင်ရွက်သွားရန်၊ ပြေးလမ်းအမှတ်အသားများ သတ်မှတ်ချက်နှင့်အညီ ပြန်လည်ရေးဆွဲ ဆောင်ရွက်ထားရန်၊ နေ့/ညအသုံးပြုသည့် လေယာဉ်ကွင်းဖြစ်သည့်အတွက် ပြေးလမ်းမီးများ အစဉ်ကောင်းမွန်နေစေရေး၊ လေယာဉ်ကွင်းအထောက်အကူပြုပစ္စည်းများ ကောင်းမွန်နေစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် ခရီးသည် Terminal တွင် အသုံးပြုလျှက်ရှိသည့် X-Ray စက်များ အစဉ်ကောင်းမွန်နေစေရေး၊ ခရီးသည်များအသုံးပြုသည့် Toliet များ သန့်ရှင်းကောင်းမွန် နေစေရေး နှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးတို့အတွက် လိုအပ်ချက်ရှိသည်များကို တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ် ပြုပြင်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန