Open Government Data မူဝါဒရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မှ အဖွင့်အမှာစကားတက်ရောက်ပြောကြား

 

အစိုးရ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များအား ပြည်သူများမှ ကျယ်ပြန့်စွာနှင့် ထိရောက်စွာ အသုံးချနိုင်ရန်အတွက် အစိုးရဌာနများ၏ သတင်းအချက်အလက်များအား ဘုံအဖြစ် စုစည်းတည်ဆောက်ပြီး မျှဝေအသုံးပြုသွားရမည်ဖြစ်ရာ လိုက်နာ ကျင့်သုံးရန် လိုအပ်သော Open Government Data မူဝါဒ၊ နည်းဥပဒေ၊ စံသတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များ ရေးဆွဲချမှတ်ရန် လိုအပ်ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုးရီးယားသမ္မတနိုင်ငံ၊ Ministry of Science, ICT and Future Planning (MSIP) မှ မြန်မာနိုင်ငံသို့ အကြံပြုအကူအညီပေးခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိရာ အကြံပြုရေးဆွဲလျက်ရှိသော မူဝါဒဆိုင်ရာ အကြံပြုချက် (မူကြမ်း)များအား အစိုးရအဖွဲ့အစည်းအသီးသီးမှ CIO များကို ရှင်းလင်းတင်ပြ၍ အကြံပြုချက်များ ရယူသွားနိုင်ရန် ရည်ရွယ်ပြီး Open Government Data မူဝါဒရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ Personal Information Protection Commission မှ Senior Government Officer ဖြစ်သူ  Mr. Joong-Yeoun HWANG မှ နှုတ်ဆက်စကား ပြောကြားပြီးနောက်  သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က Open Government Data Policy နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ကိုးရီးယားသမ္မတနိုင်ငံ၊ Korea Information Society Development Institute  (KISDI) မှ တာဝန်ရှိသူများက Consultation Project နှင့်ပတ်သက်သည့် အခြေအနေများ၊ Open Government Data Policy ရေးဆွဲရာတွင် အကြံပြုပေးခြင်း၊ စီမံကိန်းနှင့် စပ်လျဉ်းသည့် ဆန်းစစ်ချက်များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ Open Government Data  Opportunities  တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဝန်ကြီးဌာနအသီးသီးမှ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေ က ဖြည့်စွက်အမှာစကား အကြံပြု ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို နေ့လည် (၁၂:၂၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။