Ministerial Forum on ICT 2016 ပြည်ထောင်စု ဝန်ကြီး တက်ရောက်

၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ စင်္ကာပူနိုင်ငံ၊ စင်္ကာပူမြို့၊ Marina Bay Sands Expo and convention Centre တွင် ကျင်းပခဲ့သည့် Ministerial Forum on ICT 2016 နှင့် Infocomm Media Business Exchange (imbx) 2016 သို့ စင်္ကာပူနိုင်ငံ၊ Infocomm Development Authority of Singapore (IDA) ၏ ဖိတ်ကြားချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့က တက်ရောက်ခဲ့ကြပါသည်။

မေလ ၃၀ ရက်နေ့တွင် Ministerial Forum on ICT 2016 သို့ တက်ရောက်လာ ကြသော သက်ဆိုင်ရာနယ်ပယ်များမှ ခေါင်းဆောင်များက ဆက်သွယ်ရေးနှင့် ပတ်သက်သော ကိစ္စရပ်များနှင့် ဆိုက်ဘာနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် ဖြစ်ရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။ မေလ ၃၁ ရက်နေ့တွင် Infocomm Media Business Exchange (imbx) 2016 ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြ ပါသည်။ ပြည်ထောင်စုဝန်ကြီး အား Singapore Exhibition မှ တာဝန်ရှိသူများက imbx Exhibitions Tour အစီအစဉ်ဖြင့် လိုက်လံရှင်းလင်း ပြသခဲ့ကြပါသည်။

အဆိုပါဖိုရမ်သို့ Asia Pacific Telecommunity (APT) နှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇) နိုင်ငံမှ တက်ရောက်ခဲ့ကြပါသည်။