e-Government လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဒုတိယ ဝန်ကြီး တက်ရောက်

e-Government လုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သည် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (I-1) အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီဝင်များ၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် Myanmar Payment Union တို့မှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။