e-Government လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီးတက်ရောက်

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် သည် ယနေ့ နံနက် (၈) နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ သိမ်ဖြူလမ်း နှင့် ကုန်သည်လမ်းထောင့် ရှိ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှူ ဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ သည့် e-Government လုပ်ငန်း ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေး တွင် သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန နှင့် ဆက်သွယ်ရေး ညွှန်ကြားမှူ ဦးစီးဌာန မှ တာဝန်ရှိသူများ သည် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ တွင် e-Government လုပ်ငန်းစဉ် များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး အခြေခံ လိုအပ်ချက် ဖြစ်သော သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာ စေရေး အရှိန်အဟုန် မြှင့်တင်၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
ထို အစည်းအဝေး တွင် e-Government လုပ်ငန်းစဉ် များ အကောင်အထည် ဖော်ဆောင်ရာ ၌ မြန်မာစာ စံစနစ်အဖြစ် ယူနီကုတ်အား အသုံးပြုသွား ရာတွင် အစိုးရ ဌာနများ အပြင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ မှတဆင့် ပြည်သူလူထုများပါ အသုံးပြုလာ စေနိုင်ရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ တွင် IT industry များ ဖွံ့ဖြိုး တိုးတက်လာ စေရေး အထောက်အကူ ပြု ပေးနိုင်မည့် လုပ်ငန်းစဉ်များနှင့် မူဝါဒများအား ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။