Digital Myanmar စီမံကိန်း၏ Feasibility Study အစည်းအဝေးသို့ ဒုတိယဝန်ကြီး တက်ရောက်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ  ပြုပြင်ပြောင်းလဲရေး စီမံကိန်းများ၏ ပထမအဆင့်ဖြစ်သော e-  Government  ပဏာမ အခြေခံ စီမံကိန်းများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက်တော့မည် ဖြစ်သဖြင့် ဒုတိယအဆင့် e- Government အစီအစဉ် တစ်ခုဖြစ်သော “Digital Myanmar”  စီမံကိန်းအား  အစိုးရဗဟိုရုံးများ၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက်“Digital Myanmar စီမံကိန်း၏ Feasibility Study” အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ S-12 Exchange ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်၊ eGIDC Project မှ  တာဝန်ရှိသူများနှင့် KPMG  မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေးတွင် Digital Myanmar project နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံအသီးသီး၏ e-Government လုပ်ငန်းများတွင် CS Transform မှ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများသည် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ e-Government Master Plan အား လွှတ်တော်မှ အတည်ပြုနိုင်ရန် တင်ပြထားပြီး နိုင်ငံတော်အစိုးရမှ e-Government လုပ်ငန်းစဉ်များကို ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ e-Government လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက်  အစိုးရဌာန အဖွဲ့အစည်း အသီးသီးတွင် Chief Information Officer များ ခန့်အပ်ရေး၊ Electronic Document Management System & Government Personnel Management System နှင့်  Myanmar UNICODE များ အသုံးပြုရေး တို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ e-Government, Cyber Security, e-Commerce တို့နှင့် စပ်လျဉ်း၍ စီမံကိန်းများ ဆောင်ရွက်ရာတွင် High Level Committees နှင့် Sub-Committees များ လိုအပ်မည် ဖြစ်ပါကြောင်း၊ Digital Economy နှင့်စပ်လျဉ်း၍ နိုင်ငံတကာ မှ ICT ကုမ္ပဏီများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို အလေးထားပါကြောင်း စသည်တို့ကို ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။