Data Analysis and Visualization with Python သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၅-၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Data Analysis and Visualization with Python သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင်      e-Learning Center II တွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့်တကွ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။

   Data Analysis and Visualization with Python သင်တန်းသည် ဒေတာများကို အဆင့်ဆင့် စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း၊ Data Visualization နည်းလမ်းများဖြင့် ဒေတာများကို ရှင်းလင်းလွယ်ကူစွာ ဖော်ပြနိုင်ခြင်း၊ ဒေတာများမှ တွေ့ရှိချက်များကို ကောက်နှုတ်၍ အနှစ်ချုပ် ပုံစံဖြင့် တင်ပြနိုင်ခြင်း စသည့် ကျွမ်းကျင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။