Computer Repair and Maintenance သင်တန်းဆင်းပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Computer Repair and Maintenance သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ (၂) ရက်နေ့ နေ့လည်ပိုင်းတွင်  ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး နှင့်တကွ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

   Computer Repair and Maintenance သင်တန်းသည် သင်တန်းကာလအနေဖြင့် ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းဖြစ်ကြောင်း သိရှိရပါသည်။

   သင်တန်းဆင်းပွဲအခမ်းအနားတွင် သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးကျော်စိုးထက် ၊ ဒုတိယဆုရရှိသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးကျော်ဇင်အောင် နှင့်  တတိယဆုရရှိသော ဥပဒေရေးရာဝန်ကြီးဌာနမှ ဒေါ်ဝတ်ရည်အောင်အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။