ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၏ ၂၀၂၅-၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Cloud Native Infrastructure (Open Stack) သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် e-Learning Center I တွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။
Cloud Native Infrastructure (Open Stack) သင်တန်းသည် OpenStack နှင့် Cloud Native Architecture ကို အခြေခံ၍ Virtualization၊ Containerization နှင့် Orchestration နည်းပညာများကို Physical Devices များဖြင့် ၃ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းဆင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

