3rd ASEAN Spectrum Policy Forum (ASPF-3) ၏ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ASEAN – EU အစီအစဉ်​အောက်တွင် READI (Regional EU- ASEးစဟ-AN Dialogue Instrument) ၏ ICT Work Plan အရ ASEAN Spectrum Policy Forum (ASPF-3) တတိယ အကြိမ်အား မြန်မာနိုင်ငံ၌ ကျင်ပ​ပေးရန်အတွက်  စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့တွင် ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ ၁၁ ရက်​နေ့ မှ ၁၅ ရက်​နေ့အထိ ကျင်းပပြုလုပ်ခဲ့​သော  (၁၃) ကြိမ်​မြောက် အာဆီယံ ဆက်သွယ်​ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးများအဆင့် အစည်းအ​ဝေးတွင် အတည်ပြု သ​ဘော တူညီချက် အရ Implementation the Transition to Digital Terrestrial Television ​ဆွေး​နွေးပွဲ ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၉ ရက်​နေ့တွင် ​နေပြည်​တော်၊ ​ရွှေနန်း​တော်ဟိုတယ်၌ ဆက်သွယ်​ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် READI (Regional EU- ASEAN Dialogue Instrument) တို့မှပူး​ပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။

          ​ ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကိုအဆင်​ပြေစွာဖြင့်ကူး​​​ပြောင်း​ဆောင်ရွက် နိုင်ရန်အတွက် ဥ​ရောပနိုင်ငံများ၏  ​​အတွေ့အကြုံ ဗဟုသုတမျာနှင့် ပြဿနာများအား ဖြေရှင်း ဆောင်ရွက် ခဲ့မှှုများကို မျှဝေရန်နှင့် နည်းလမ်းများရှာဖွေရန်အတွက် အာဆီယံ ဆက်သွယ်ရေး ဥပဒေပြုသူများအဖွဲ့နှင့် ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်သူများမှ  ဆွေးနွေးဆောင်ရွက်ရန် ဖြစ်ပါသဖြင့် ၊ အဆိုပါဆွေးနွေးပွဲအား ဆက်သွယ်​ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန နှင့်  ပြန်ကြားရေး ၀န်ကြီးဌာန ၏ ၂၀၁၄ ခုနှစ် ၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပပြုလုပ်မည့် Senior Officials Meeting Responsible for Information (SOMRI) အစည်းအဝေး နှင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် ဒစ်ဂျစ်တယ်တယ်လီဗေးရှင်းထုတ်လွှင့်မှုအား လွယ်ကူစွာကူးပြောင်း ရောက်ရှိ ရေး ၊ ထုတ်လွှင့်ဆဲ အစီအစဉ်များ အဆင့်မြှင့်တင်ရေး၊ တီဗွီဖမ်းယူသည့် စက်ပစ္စည်းများ၏ စံချိန်စံညွှန်း သတ်မှတ်ရေးနှင့်် တံဆိပ်များကပ်ရန် ကိစ္စရပ်များ ၊ ဒစ်ဂျစ်တယ်မြေပြင် ရုပ်သံလွှင့်လှိုုင်းနှုန်း Chennal များသတ်မှတ်ထားရန်ကိစ္စ၊ သုံးစွဲသူများသိရှိလိုက်နာသင့်သည့် အချက် အလက်များကိစ္စ၊ ပြည်သူလူထုမှ ပူးပေါင်းပါ၀င်စေနိုင်မည့် နည်းလမ်းကောင်းများရွေးချယ်ဆောင်ရွက် သွားရန်ဆွေးနွေးခဲ့ကြပါသည်။

          ဥရောပသမဂ္ဂ မှ အာဆီယံနှင့် ပူးပေါင်း၍ အိုင်စီတီကဏ္ဍများတွင် အကူအညီပေးရန်  အတွက် ဆောင်ရွက်ခဲ့ရာတွင် ပထမအကြိမ် ASPF အား ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် ASPF-2 အား ဗီယက်နမ်နိုင်ငံ ၊ ဟိုင်ဖောင်းမြို့တွင်  ၂၀၁၃ ခုနှစ် ၊ ဧပြီလ ၈ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့ပြီး ၊ ASEAN ATRC ခေါင်းဆောင်များ နှင့် အဆင့်မြင့် အရာရှိကြီးများပါ၀င်သော Brussels, Belgium နှင့်  Bonn/Aachen, Germany နိုင်ငံများသို့ လေ့လာရေးခရီးအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပို့ဆောင်ပေးခဲ့ပြီး  ယခု တတိယ အကြိမ် ASPF-3 အစည်းအဝေးအား မြန်မာနိုင်ငံ၌ လက်ခံကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။