“ကစ္ဆပနဒီ (၂) အမြန်ရေယာဉ် ဂျပန်နိုင်ငံမှ ရောက်ရှိမည့်သတင်း”

 

ဂျပန်နိုင်ငံမှ The Economic and Social Development Programme အစီအစဉ်ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲသို့ ပေးအပ် လှူဒါန်းမည့် ခရီးသည်တင် အမြန်ရေယာဉ် (၃) စီးအနက် ဒုတိယအစီးဖြစ်သည့် ကစ္ဆပနဒီ (၂) အမြန်ရေယာဉ်အား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် ဂျပန်နိုင်ငံ KOBE ဆိပ်ကမ်းမှ ရေယာဉ်တင် သင်္ဘောကြီး "MV ISE" "Voy.096" ဖြင့် တင်ဆောင်လာပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ ခန့်မှန်း ဇူလိုင်လ (၂၅)ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပါသည်။ အဆိုပါရေယာဉ်၏ အတိုင်းအတာမှာ 19.5 M x 5.4 M x 1.9 M နှင့် ရေစူး 0.86 M ရှိပြီး၊ ရေယာဉ်အား အလျူမီနီယံဖြင့် တည်ဆောက်ထားကာ အမြန်နှုန်း ရေမိုင် ၂၅ မိုင် ခုတ်မောင်းနိုင်ပါသည်။ တင်ဆောင်နိုင်သည့် ခရီးသည်မှာ ၈၁ ဦးဖြစ်ပါသည်။