အလုပ်လျှောက်လွှာခေါ်ယူခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

လျှောက်လွှာခေါ်ယူခြင်း

 

၁။   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင်လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-

 

(က)

ဒု-ကြီးကြပ်ရေးမှူး(စီမံရေးရာနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန)

(၆)နေရာ

 

တက္ကသိုလ်တခုခုမှဘွဲ့ရရှိသူ

(သို့မဟုတ်)ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ရရှိသူ

(ခ)

ဒု-ကြီးကြပ်ရေးမှူး(ဥပဒေရေးရာဌာန)

(၃)နေရာ

LLB(သို့မဟုတ်)မဟာဥပဒေဘွဲ့

(ဂ)

ဒု-ကြီးကြပ်ရေးမှူး(ဘဏ္ဍာရေးဌာန)

(၈)နေရာ

B.Com(CPA)(သို့မဟုတ်)

M.Comဘွဲ့ရရှိသူ

(သို့မဟုတ်)တက္ကသိုလ်တခုခုမှဘွဲ့ရရှိပြီးDA(သို့မဟုတ်)LCCILevel(III)(သို့မဟုတ်)ACCAအောင်မြင်ပြီးသူ

(ဃ)

ဒု-ကြီးကြပ်ရေးမှူး(စီးပွားရေးဌာန)

(၉)နေရာ

စီးပွားရေးပညာနှင့်

သက်ဆိုင်သောဘွဲ့တခုခုရရှိပြီးသူ

(သို့မဟုတ်)တက္ကသိုလ်တခုခုမှဘွဲ့ရရှိပြီးစီးပွားရေးနှင့်ပတ်သက်သောဒီပလိုမာတခုခုရရှိပြီးသူ(သို့မဟုတ်)

စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ရရှိသူ

(င)

ဒု-ကြီးကြပ်ရေးမှူး(နည်းပညာဌာန)

(၆)နေရာ

BE(EC/IT)(သို့မဟုတ်)

B.C.Sc(သို့မဟုတ်)B.C.Techဘွဲ့ရရှိသူ

 

၂။ လျှောက်ထားသူများသည်-

    (က)၃၁-၈-၂၀၁၇ရက်တွင်အသက်(၃၀)နှစ်၊ဝန်ထမ်းဖြစ်ပါကအသက်(၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။

    (ခ)ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

    (ဂ)အင်္ဂလိပ်စာကောင်းမွန်သူ၊ကွန်ပျူတာMicrosoft (Word, Excel,PowerPoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။

    (ဃ)အလုပ်သမားမှတ်ပုံတင်ရရှိထားသူဖြစ်ရမည်။(ဝန်ထမ်းမဟုတ်သူများ)

 

 

၃။    လျှောက်လွှာများကို ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် အတူအောက်ပါအချက်အလက်များပူးတွဲလျက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စီမံရေးရာနှင့်ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၊ အမှတ်(၄၄/၁၄၄)အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ရန်ကုန်မြို့သို့လိပ်မူ၍၃၀-၉-၂၀၁၇ရက်နေ့နောက်ဆုံးထား၍အရောက်ပို့ရမည်။

(က)    ဘွဲ့လက်မှတ်မိတ္တူ

(ခ)    အသက်အထောက်အထားအတွက်အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူမှန်

(ဂ)    သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှလျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်းရရှိသည့်ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်မူရင်း

(ဃ)    လိုင်စင်ဓါတ်ပုံ(၂)ပုံ

(င)    အလုပ်သမားမှတ်ပုံတင်မိတ္တူ

(စ)    ဝင်ကြေးငွေကျပ်-၅၀ဝိ/-ပေးသွင်းသည့်ချလန်မူရင်း

၄။    လျှောက်ထားသူများသည်မြန်မာစာ၊ အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတ၊ ကွန်ပျူတာကျွမ်းကျင်မှုနှင့်Personality and Behavior test များကိုဖြေဆိုရမည်ဖြစ်ပြီး၊မေးခွန်းတစ်ခုလျှင်(၂)နာရီကြာရေးဖြေ၊လက်တွေ့စာမေးပွဲဖြေဆိုရမည် ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုလူတွေ့စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ရေးဖြေစာမေးပွဲကျင်းပမည့်ရက်ကို သတင်းစာများတွင်ထည့်သွင်းကြော်ငြာသွားမည်ဖြစ်ပါသည်။

၅။    ဝန်ထမ်းများသည်မိမိတို့၏လျှောက်လွှာများကိုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံရေးရာနှင့်ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၊အမှတ်(၄၄/ ၁၄၄)အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့သို့လိပ်မူ၍ သက်ဆိုင်ရာဌာနမှတစ်ဆင့်၃၀-၉-၂၀၁၇နောက်ဆုံးထားလျှောက်ထားရမည်။(ကြိုတင်မိတ္တူကိုပေးပို့ရမည်။)

၆။    စာမေးပွဲဝင်ကြေးငွေကျပ် ၅ဝဝိ/-ကိုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၊ ရန်ကုန်ငွေစာရင်း အမှတ်OA-010333သို့ပေးသွင်းရမည်။

၇။    လျှောက်လွှာနှင့်စပ်လျဉ်း၍သတ်မှတ်ထားသော စာရွက်စာတမ်းမပြည့်စုံလျှင်သော်လည်းကောင်း၊ လျှောက်လွှာလက်ခံ ရန်သတ်မှတ်ထားသည့်ရက်ထက်နောက်ကျရောက်ရှိလျှင်သော်လည်းကောင်းလျှောက်လွှာများကိုလက်ခံစဉ်းစားမည် မဟုတ်ပါ။

၈။    ရွေးချယ်ခြင်းခံရသူများအားလစာနှုန်းကျပ်(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)တွင်ကနဦးလစာကျပ်၁၈၀၀၀ဝိ/-ဖြင့်စတင် ခန့်ထားပါမည်။

၉။    အသေးစိတ်အကြောင်းအရာများကိုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံရေးရာနှင့်ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်း အမြစ်ဌာန၊ အမှတ်(၄၄ / ၁၄၄) အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ရန်ကုန်မြို့၊ ဖုန်းနံပါတ်- ၀၁-၂၀၂၆၀၀၊ ၀၉ - ၄၂၃၀၀၆၃၄၈ ၊ ၀၉-၅၀၂၁၀၅၉တို့တွင်စုံစမ်းနိုင်ပါသည်။