အလုပ်ရုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊   ထို့အတူ ပြည်သူများအတွက်    လုံခြုံမှုရှိသော၊ ထိရောက်မှုရှိသော ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့သော  ဝန်ဆောင်မှု များကို ပေးအပ်နိုင်ရန် နိုင်ငံပိုင်အခန်း ကဏ္ဍမှ        ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရေးအတွက်      ယခု ဆွေးနွေးပွဲတွင် ဆွေးနွေးအကြံပြုသွား ကြစေလိုကြောင်း။ ၂ဝ၁၂    ခုနှစ်ကတည်းကပင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့သည်   အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ စီမံကိန်းဆိုင်ရာ များတွင်   ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပါ ကြောင်း၊ ADB သည် မိမိတို့၏ဖွံ့ဖြိုး မှုမိတ်ဖက်ဖြစ်သကဲ့သို့  ဂျပန်အပြည်ပြည် ဆိုင်ရာ      ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)  သည်လည်း အလား တူဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၃ နှင့် ၂ဝ၁၄ ခုနှစ်များက ပို့ဆောင်ရေးဝန်ကြီး ဌာနက(JICA) နှင့်     ပူးပေါင်းကTransport Master Planကို ရေးဆွဲ ခဲ့ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒ၊ လုပ်ထုံး လုပ်နည်းများ ပြောင်းလဲလုပ်ဆောင်နိုင် ရေးအတွက်     ရည်ရွယ်ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတွင်   အဖွင့်အမှာ စကားပြောကြားရာ၌      ထည့်သွင်း ပြောကြားသည်။

 

အလားတူ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စွမ်းရည်ရှိပြီး စွမ်းဆောင်နိုင်သောဝန်ကြီး ဌာနအနေဖြင့် ပြည်သူဗဟိုပြုလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုအဖြစ်  ပြီးခဲ့သည့် လအတွင်းက လမ်းအသုံးပြုခကောက်ခံ ခြင်းမပြုတော့သည့်ဂိတ်များကို ထုတ်ပြန် ခဲ့ပါကြောင်း၊ လမ်းကွန်ရက်များ ဖွံ့ဖြိုး တိုးတက်စေရန် လမ်းကွန်ရက်စီမံခန့်ခွဲမှု စနစ်များနှင့်   စံချိန်စံနှုန်းပြည့်မီသော လမ်းကွန်ရက်များ ဖြစ်ပေါ်လာစေရေး အတွက် ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း။

ထိုသို့ လမ်းကွန်ရက်များ   ဖွံ့ဖြိုး တိုးတက်စေရန်Master Plan for Arterial Road Network Development ကို  KOICA    နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့အတူ ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် National Transport Development

Planကို     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(JICA) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB) ကလည်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော    ပြုပြင် ပြောင်းလဲမှုများ   ဆောင်ရွက်နိုင်ရန် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးအပါအဝင် လိုအပ်သောကဏ္ဍများ၌ ကူညီထောက်ပံ့ခဲ့ပါကြောင်း ဆွေးနွေးပွဲ အမှာစကားတွင်   ထည့်သွင်းပြောကြား သည်။

 

အဆိုပါ   အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royalဟိုတယ်၌ မေ ၂၃ ရက်နှင့် ၂၄ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ဆွေးနွေးပွဲ တွင် နိုင်ငံအတွင်း  လက်ရှိသုံးစွဲ နေသော လေကြောင်း၊ ရေကြောင်း၊ လမ်းကွန်ရက်နှင့်  မီးရထားစသည့် သယ် ယူပို့ဆောင်ရေး စနစ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြုပြင်ပြောင်းလဲ လုပ် ဆောင်နိုင်ရန်နှင့် နိုင်ငံပိုင်ကဏ္ဍမှ ပြုပြင် ပြောင်းလဲဆောင်ရွက်မှုများနှင့် စပ်လျဉ်း ၍လည်းကောင်း၊     ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်နှင့်    စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးသည်။

(သတင်းစဉ်)