သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ နိုဝင်ဘာ ၁၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ ဆောင်ဆက်သွယ်ရေးကျောင်း၊အောင်ဆန်းခန်းမ၌ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(ကြီးကြပ်ရေးမှူး)သင်တန်းအမှတ်စဉ် (၆/၂၀၂၃)၊ စက်ခေါင်းမောင်းနှင်ခွင့်သင်တန်းအမှတ်စဉ် (၃၇ /၂၀၂၃)၊ဒီဇယ်စက်ခေါင်းစက်ပြင်သင်တန်းအမှတ်စဉ်(၄၁/၂၀၂၃)တို့၏ သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်း အုပ်ကြီးဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းတက်ရောက်ကြမည့်သင်တန်းသားသင်တန်းသူများကို လိုက်လံနှုတ်ဆက်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း