လိုင်စင်ဆိုင်ရာ အခကြေးငွေများ ပြောင်းလဲကောက်ခံခြင်းအတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ (ဃ) အရ အများပြည်သူသဘောထားတောင်းခံခြင်း

 

၁။      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအဖွဲ့အစည်းများ မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက်ရှိပါသည်။

၂။      အဆိုပါ လိုင်စင်ရကုမ္ပဏီ အဖွဲ့အစည်းများအနက်မှ  အချို့သောကုမ္ပဏီများသည် လိုင်စင် သက်တမ်း (၂) နှစ်/(၃) နှစ် ရှိပြီးဖြစ်သော်လည်း လိုင်စင်လျှောက်ထားစဉ်က တင်ပြခဲ့သော လုပ်ငန်းများအား ဆောင်ရွက်မှုမရှိခြင်းကြောင့်လည်းကောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သောဝင်ငွေများ မရရှိသောကြောင့်လည်းကောင်း နှစ်စဉ်ကြေးများ ကောက်ခံခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်။

၃။      သို့ပါ၍ နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရန်နှင့် မလိုလားအပ်ဘဲ လိုင်စင် လျှောက်ထားရယူ ကိုင်ဆောင်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ (ဂ) အရ သတ်မှတ်ထားသည့် ဇယား (၁) ပါ လိုင်စင်ဆိုင်ရာ အခကြေးငွေများကို ပြင်ဆင်ကောက်ခံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄။      သို့ဖြစ်ပါ၍ ပူးတွဲဖော်ပြပါ လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြောင်းလဲကောက်ခံရန် လျာထားသည့် ဇယားအပေါ် အကြံပြုလိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၇.၂.၂၀၁၈ ရက်နေ့အထိ အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ပေးပို့၍ အကြံပြုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

အကြံပြုစာပေးပို့ရန်-

၁။ အမြဲတမ်းအတွင်းဝန်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

    ၀၆၇-၃၄၀၇၃၅၀၊ [email protected]

၂။ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

    ၀၆၇-၃၄၀၇၆၀၉၊ [email protected]

၃။ ညွှန်ကြားရေးမှူး၊ လိုင်စင်နှင့်စစ်ဆေးရေးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

    ၀၆၇-၃၄၀၇၂၁၇၊ [email protected]

Annual Fee.pdf (26.22 KB)