မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းများစနစ်တကျ ခွဲဝေသတ်မှတ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းများ စနစ်တကျ ခွဲဝေသတ်မှတ် ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ အစည်းအဝေးသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းများ စနစ်တကျ ခွဲဝေသတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ်မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးချစ်ဝေမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့မှ တက်ရောက်လာကြသော ဌာနဆိုင်ရာကိုယ်စားလှယ်များမှ အသီးသီးရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို (၁၆: ၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။