ဘရာဇီးနိုင်ငံ၊ သံအမတ်ကြီး၊ H.E. Mr. Antonio J.M de Souza e Silva အားလက်ခံတွေ့ဆုံ

 

ဘရာဇီးနိုင်ငံ၊ သံအမတ်ကြီး၊ H.E. Mr. Antonio J.M de Souza e Silva အားလက်ခံတွေ့ဆုံ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ၊ သံအမတ်ကြီး၊ H.E. Mr. Antonio J.M de Souza e Silva အား  နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ပါသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံအကြား လေကြောင်းပို့ဆောင်ရေးကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။

 

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။