ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အရှိန်မြှင့်တင်မှု (Third Wave) ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း တတိယ အဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် (၃) အား ဗဟိုရုံးများ၊ အစိုးရ အဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာနများ မှ လ (၂၀) အစီအမံ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဒုတိယအကြိမ် e-Governemnt လုပ်ငန်းညှိနှိုင်း အစည်းအဝေး အား ဇူလိုင်လ (၁၇) ရက်နေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန တွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် မှ တာဝန်ရှိသူများ က စုပေါင်း ရှင်းလင်း ဆွေးနွေး တင်ပြပါသည်။

အစည်းအဝေး တွင် ဗဟိုရုံးများ၊ အစိုးရအဖွဲ့အစည်းများ နှင့် ၀န်ကြီးဌာနများ ၌ e-Government လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းများ ရေးဆွဲချမှတ် ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဗဟိုရုံးများ၊ အစိုးရ အဖွဲ့အစည်းများ၊ ၀န်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ မှ ပညာရှင်များ တက်ရောက် ၍ ညှိနှိုင်း ဆွေးနွေး ခဲ့ကြပါသည်။

၄င်းနောက် တက်ရောက်လာ သည့် ၀န်ကြီးဌာန အသီးသီး မှ e-Government နှင့် သက်ဆိုင်သော တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် မှ တာဝန်ရှိသူများ စုပေါင်း၍ အဖွဲ့လိုက် ဆွေးနွေးမှု အသီးသီး ပြုလုပ်ကြရာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိသူများ က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အား ဆက်လက် ကျင်းပ ဆွေးနွေးခဲ့ကြ ပါသည်။