ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် ကျင်းပပြုလုပ်သည့် Inland Water Transport and Costal Shipping Summit သို့တက်ရောက်

ပြည်​တွင်​​းရေ​ကြောင်းပို့​ဆောင်​​ရေး ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦး​ဇော်​ဝင်း သည် ​ရေ​ကြောင်း ဌာနမှူးချုပ်​ ဦး​အောင်​သန်းမြိုင်​ လိုက်ပါလျှက် ၂၂.၅.၂၀၁၇ ရက်နေ့ ဝ၉:၂၀ နာရီအချိန်​တွင်​ ရန်​ကုန်​မြို့မှ အိန္ဒိယနိုင်​ငံ ကိုလ်​ကတ္တားမြို့သို့ ထွက်ခွာသွားခဲ့ပြီး၊  ၂၃.၅.၂၀၁၇ ရက်​​နေ့ (၁၀:ဝ၀)အချိန်တွင်  အိန္ဒိယနိုင်​ငံ ကိုလ်​ကတ္တားမြို့၊ Hotel Taj Bengal တွင် ကျင်းပ ပြုသည့် Inland Water Transport and Costal Shipping Summit  သို့ တက်​​ရောက်ခဲ့ပြီး အိန္ဒိယနိုင်​ငံ နှင့် မြန်မာနိုင်ငံတို့အကြား ပင်လယ်ကမ်းရိုးတန်းနှင့် ကုလားတန် မြစ်ကြောင်းမှ ဖြတ်သန်း၍ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အခွင့်အလမ်း ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ၂၄.၅.၂၀၁၇ ရက်နေ့ (ဝ၈:၅၀)အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။