နိုင်ငံတော် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တတိယ အဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ် များ ဆွေးနွေးပွဲ ပြည်ထောင်စု ဝန်ကြီး တက်ရောက်

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန နိုင်ငံတော် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တတိယ အဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် များ ဆွေးနွေးပွဲ ကို ယနေ့ နံနက်ပိုင်း တွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း က ပြောကြားရာ တွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု ပထမအဆင့်နှင့် ဒုတိယအဆင့် အရှိန်မြှင့်တင်မှုတို့တွင် မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများကို လေ့လာသုံးသပ်၍ လိုအပ်ချက်များကို ပြုပြင်ပြောင်းလဲသွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မိမိတို့ ၏ အားနည်းချက် များ အား လေ့လာ ဆန်းစစ် ပြီး အကောင်းဆုံး ဖြစ် အောင် ပြုပြင် ပြောင်းလဲ ကြရမည် ဖြစ်ကြောင်း၊ အောက်ခြေ ဝန်ထမ်းများ ၏ လုပ်ငန်း ဆောင်ရွက် မှု အပေါ် အဆင့်ဆင့် ကြပ်မတ် ဖြည့်ဆည်း ပေးရန် လိုအပ်ကြောင်း၊ အဆင့်လိုက် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ နှင့် အညီ ပေါင်းစပ် ညှိနှိုင်း လုပ်ကိုင် သွားရမည် ဖြစ်ကြောင်း၊ ဝန်ထမ်း များ စွမ်းဆောင်ရည် မြင့်မားအောင် ဆွေးနွေးပွဲများ နှင့် လုပ်ငန်း နှင့် ပတ်သက်သည့် နည်းပညာ များ၊ သင်တန်းများ ကို လည်း လေ့လာ သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး က ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရာ တွင် ICT ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သည်လည်း အရေးကြီး သည့် ကဏ္ဍ မှ ပါဝင်ပြီး ICT ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာသည် နှင့် အညီ မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုး မှု ကွာဟချက် များ လျော့နည်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး လျင်မြန် ချောမွေ့ စေရေး အတွက် e-Government စနစ် ဖွံ့ဖြိုး တိုးတက် အောင် မိမိတို့ ဝန်ကြီးဌာန အနေ ဖြင့် ကျန် ဝန်ကြီးဌာန အားလုံး နှင့် လွယ်ကူ လျင်မြန်စွာ အသုံးပြု နိုင်မည့် အစီအမံများ ဖြစ်စေ ရန် စုစည်း ပေါင်းစပ် ညှိနှိုင်းပေးရန် နှင့် ပုံမှန် လေ့လာ စောင့်ကြည့် အကဲဖြတ် ဆောင်ရွက်သွား ရန် တာဝန်ရှိကြောင်း ကို အထူး သတိပြု စေလို ကြောင်း၊ စီမံခန့်ခွဲ အုပ်ချုပ်မှု အပိုင်း တွင် လည်း လုပ်ငန်းများ အားလုံး လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် လုပ်ငန်းတိုင်း တွင် ဗဟိုမှ ချုပ်ကိုင်မှုကို လျှော့ချပြီး ရာထူးအဆင့် အလိုက် လျော်ညီစွာ ပေးအပ်ထား သည့် လုပ်ပိုင်ခွင့်ကို မှန်ကန်စွာ ကျင့်သုံးကြရန် လိုကြောင် းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ဦးသောင်းတင် တို့ က ဝန်ထမ်းများ လုပ်ဆောင်ရမည့် တာဝန်များ နှင့် လုပ်ငန်းစဉ် များ ကို ဆွေးနွေး ပြောကြား ကြ ပါသည်။