တယ်လီဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍သုံးစွဲသူများသို့ အသိပေးခြင်း

 

၁။      တယ်လီဖုန်းဘီလ် ဖြတ်တောက်မှုများ တိကျမှန်ကန်မှုနှင့် ရှင်းလင်းမှုရှိစေရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား တယ်လီဖုန်း အော်ပရေတာများသို့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ သတ်မှတ်ချထား ပေးစဉ်ကတည်းက သတ်မှတ်ထားပြီး ဖြစ်ပါသည်။

၂။      သုံးစွဲသူများအနေဖြင့် မိမိတို့၏ တယ်လီဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍ သိရှိလိုပါက သက်ဆိုင်ရာ တယ်လီဖုန်း အော်ပရေတာများထံ မိမိတို့ အသုံးပြုသည့် တယ်လီဖုန်း ဘီလ်စာရင်းအားလည်းကောင်း၊ ရှင်းလင်းမှုမရှိသည်များအားလည်းကောင်း ဖြေရှင်းပေးရန် တောင်းဆိုနိုင်ပါသည်။ 

၃။      အကယ်၍ တယ်လီဖုန်း အော်ပရေတာများ၏ ရှင်းလင်းဖြေကြားမှုများအား ကျေနပ်မှု မရှိပါက မိမိတို့၏တယ်လီဖုန်း ဘီလ်ဖြတ်တောက်မှုများ တိကျမှန်ကန်မှုနှင့် ရှင်းလင်းမှုမရှိဟု ယူဆသည့် တယ်လီဖုန်း သုံးစွဲမှု အချက်အလက်များ ( ဥပမာ - ခေါ်ဆို အသုံးပြုသည့် အချိန် ၊ အသုံးပြုသည့် ဝန်ဆောင်မှု စသည်ဖြင့် ) ဖော်ပြ၍ တယ်လီဖုန်း အော်ပရေတာများမှ မိမိတို့၏ အကြောင်းကြားမှုအပေါ် ရှင်းလင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့်အတူ အောက်ပါ လိပ်စာ နှင့် email address သို့ ပေးပို့တိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လိုအပ်သလို စိစစ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-

ညွှန်ကြားရေးမှူးချုပ်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ရုံးအမှတ် (၂) ၊ နေပြည်တော် ။

email : [email protected]

 

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန