ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန သို့Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့မှ Licence Acceptance Letter ပေးအပ်ခြင်း

မြန်မာနိုင်ငံ၏    ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်    နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး    ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ တင်ဒါစိစစ်ရွေးချယ် ရေးကော်မတီမှ ရွေးချယ်ခဲ့သည့်   ဆက်သွယ်ရေး အော်ပရေတာနှစ်ဦး ဖြစ်သော  Telenor Myanmar Limited  နှင့် Ooredoo Myanmar Limited   တို့မှ ၄င်းတို့၏   Licence  Acceptance   Letter     များအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီး  ဌာနသို့ ၂၀၁၄ ခုနှစ်၊    ဇန်နဝါရီလ   (၃၀) ရက်နေ့တွင် ပေးအပ် ခဲ့ပါသည်။

Telenor Myanmar Limited     နှင့်    Ooredoo Myanmar Limited    အားယခုပေးအပ်သည့်    မြန်မာနိုင်ငံအတွင်း    ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်မှာ    (၅.၂.၂၀၁၄)ရက်နေ့တွင် သက်တမ်းစတင်မည်ဖြစ်ပြီး    ကနဦးလိုင်စင်သက်တမ်းမှာ   (၁၅) နှစ် ဖြစ်ပါသည်။   Telenor Myanmar Limited    နှင့်   Ooredoo Myanmar Limited   တို့သည်  ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်များ ရရှိပြီးပါက  နိုင်ငံတကာအဆင့်မီ  မိုဘိုင်းဝန်ဆောင်မှုများကိုပေးအပ်သွားမည်     ဖြစ်ရာ ပြည်သူများ    အနေဖြင့်စျေးကွက်ယှဉ်ပြိုင်မှုမှတစ်ဆင့်    အရည်အသွေး ကောင်းမွန်သော ဆက်သွယ်ရေး ၀န်ဆောင်မှုများသာမက ၀န်ဆောင်မှုအသစ်များနှင့်   နည်းပညာအသစ်များကိုပါ သုံးစွဲနိုင်ခွင့်     ပိုမိုရရှိလာမည် ဖြစ်သဖြင့်   ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာနိုင်ကြောင်း သတင်းရရှိပါသည်။