စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပို့ဆောင်ရေးဒုတိယဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

 

စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပို့ဆောင်ရေးဒုတိယဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

(၂၆.၁၀.၂၀၁၇) ရက်နေ့၊ (၉:၃၀)နာရီ

 

စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပို့ဆောင်ရေးဒုတိယဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးသို့ ဂျပန်နိုင်ငံ၊ မြေယာ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) မှ ဒုတိယဝန်ကြီး Mr.Hiroshi Narahira ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဂျပန်သံရုံးနှင့် JICA မြန်မာရုံးမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လေကြောင်းကဏ္ဍ အနေဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှု၊ ညောင်ဦးလေဆိပ်သို့ လေယာဉ်များ ပိုမို ဘေးကင်းလုံခြုံချောမွေ့စွာ ဆင်းသက်ပျံသန်းနိုင်ရေးအတွက် အဆင့်မြှင့်တင်ရန်ဆောင်ရွက်နေ မှု၊ ရထားပို့ဆောင်ရေးကဏ္ဍ အနေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းနှင့်  ရန်ကုန်မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ရေး၊ အနာဂတ် မြို့ပြရထားလမ်းကွန်ယက် ဖော်ဆောင်ရေးနှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်မည့် ရထားလမ်းသစ် ဖောက်လုပ်ရေးကိစ္စရပ်များ၊ ရေကြောင်းကဏ္ဍ အနေဖြင့် ရခိုင်ပြည်နယ်တွင် ရေကြောင်းဖြင့် ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဂျပန်နိုင်ငံမှ ထောက်ပံ့ခဲ့သည့် ရေယာဉ် (၂)စီးအား ရေကြောင်းခရီးစဉ်များတွင် အသုံးပြုနေမှု၊ ခရီးသည်တင်အမြန်ရေယာဉ်(၁)စီးကို ဂျပန်နိုင်ငံ တွင် တည်ဆောက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံသို့ ပေးပို့မည့်အခြေအနေ၊ မန္တလေးမြို့တွင် မြစ်ဆိပ်ကမ်းတည်ဆောက်ရေး ​ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သီလဝါ ဆိပ်ကမ်းဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊ ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက်  ဖြစ်နိုင်ခြေ လေ့လာမှု ဆောင်ရွက်ရန်ကိစ္စရပ်များ နှင့် ၂၀၂၅ ခုနှစ် နောက်ပိုင်း၌ တိုးတက် များပြားလာမည့် ရေကြောင်းကုန်စည်များကို နိုင်နင်းစွာ ကုန်တင်/ကုန်ချ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရေးကိစ္စရပ်များ၊  ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ယာဉ် စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်သွားမည့် ကိစ္စရပ်များ၊  ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းမှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ  ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ အပြင် ဂျပန်နိုင်ငံ၏ ODA ချေးငွေ၊ Grant အထောက်အပံ့၊ နည်းပညာအထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ထပ်မံအဆိုပြုလိုသည့် စီမံကိန်းများဆိုင်ရာများအား အပြန်အလှန် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။