စင်္ကာပူနိုင်ငံအခြေစိုက် အာရှဒေသအတွင်း ပင်လယ်ဓားပြနှင့် လက်နက်ကိုင် လုယက် တိုက်ခိုက်မှုများ တားဆီးကာကွယ်ရေးအဖွဲ့(ReCAAP ISC) သည် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ အလည်အပတ်ခရီးစဉ် လာရောက်


 

စင်္ကာပူနိုင်ငံအခြေစိုက် အာရှဒေသအတွင်း ပင်လယ်ဓားပြနှင့် လက်နက်ကိုင် လုယက် တိုက်ခိုက်မှုများ တားဆီးကာကွယ်ရေးအဖွဲ့ (Regional Cooperation Agreement on Combating Piracy and Armed Robbery against ship in Asia- ReCAAP ISC) သည် အဖွဲ့ဝင်နိုင်ငံများသို့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လေ့လာမှုအစီအစဉ်အရ မြန်မာနိုင်ငံသို့ (၁၉-၆-၂၀၁၇) ရက်နေ့မှ (၂၁-၆-၂၀၁၇) ရက်နေ့အထိ အလည်အပတ်ခရီးစဉ် (Focal Point Visit) လာရောက်ခဲ့ပါသည်။

အဆိုပါ ReCAAP ISC အဖွဲ့သည် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် (Focal Point Visit) လာရောက်စဉ် ကာလအတွင်း (၂၁-၆-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လာရောက် လေ့လာခဲ့ပြီး အာရှဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပင်လယ်ဓားပြနှင့် လက်နက်ကိုင် လုယက်တိုက်ခိုက်မှုများအပေါ် အချိန်နှင့်တပြေးညီ ဖြေရှင်း ဆောင်ရွက်နေမှုများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား Power Point Pesentation ဖြင့် ရှင်းလင်းပြသခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။