အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေဖြင့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ၁၂--၂၀၂၄ ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ()၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အလုပ်ရုံဆွေးနွေးပွဲအား နံနက်(၉:၃၀)နာရီတွင် စတင်ခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန် တက် ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လိုင်စင်ရယူ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော တာဝါနှင့်ဖိုင်ဘာကုမ္ပဏီများမှ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြပြီး ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းတို့တွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများ အား ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်မှ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေကို သုံးပြု၍ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအား အကျိုးရှိ ထိရောက်စွာဖြင့် အောင် မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန သာမက ဆက်သွယ်ရေးအော်ပရေတာများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရယူထားသူများနှင့် Stakeholder များအားလုံး ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ ညနေ (၄:၃၀)နာရီတွင် အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

 

 

 

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန