ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီ ၁၉၃၀ ခုနှစ်တွင် “ဆိပ်ကမ်းအရာရှိချုပ်ရုံး” (Principal Port Officer ) ဟုဖွဲ့စည်းခဲ့ပါသည်။ စစ်ကြိုခေတ်တွင် “ရေကြောင်းအတိုင်ပင်ခံဝန်နှင့် အရာရှိချုပ်၊ ရေကြောင်းဌာနခွဲ” (Nautical Adviser And Principal Officer, Mercantile Marine Department) ဟူ၍ လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် “ရေကြောင်းဌာနခွဲ” (Mercantile Marine Department) ဟူ၍ လည်းကောင်းခေါ်တွင်ခဲ့ပါသည်။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (Department of Marine Administration) အဖြစ် ၁၉၇၂ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။