ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သမိုင်းကြောင်း

အလောင်းမင်းတရားသည် ၁၇၅၅ ခုနှစ်တွင် ဧရာဝတီမြစ်တလျှောက်ရှိ ဒေသများကို သိမ်းပိုက်ရာမှ ဒဂုံသို့ ရောက်ရှိခဲ့ပြီး၊ ရန်ကုန်မြို့ဟုခေါ်တွင်စေကာ ရန်ကုန်ဆိပ်ကမ်း ကို စတင် တည်ထောင်ခဲ့ပါသည်။

နှစ်အလိုက် သမိုင်းဖြစ်စဉ်များ မှာ -

  • ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းယူပြီးနောက် ရန်ကုန်ဆိပ်ကမ်းကို ရေကြောင်းအရာရှိချုပ် အား အုပ်ချုပ်စေခဲ့ပါသည်။
  • ၁၈၇၆ ခုနှစ်တွင် မြစ်ကမ်းနားကော်မတီ ဖြင့် ပြောင်းလဲအုပ်ချုပ်ခဲ့ပါသည်။
  • ၁၈၇၉ ခုနှစ်တွင် ဆိပ်ကမ်းအက်ဥပဒေ ကို ပြဌာန်းခဲ့ပါသည်။
  • ၁၈၈၀ ခုနှစ်တွင် ရေဝန်မင်းကြီးများအဖွဲ့ ဖြင့် အုပ်ချုပ်ခဲ့ပါသည်။
  • ၁၉၀၅ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်းအက်ဥပဒေသစ် ကို ပြဌာန်းခဲ့ပါသည်။
  • ၁၉၅၄ ခုနှစ်တွင် ရန်ကုန်ဆိပ်ကမ်းအုပ်ချုပ်ရေးအဖွဲ့ ဖြင့် အုပ်ချုပ်ခဲ့ပါသည်။
  • ၁၆-၃-၁၉၇၂ ရက်နေ့တွင် ဆိပ်ကမ်းကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။
  • ၃၁-၃-၁၉၈၉ ရက်နေ့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဟု ပြောင်းလဲသတ်မှတ် ခဲ့ပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် 

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သည် ပင်လယ်ကူးသင်္ဘောကြီးများ ဆိပ်ကမ်းသို့ ၀င်ထွက်၊ ဆိုက်ကပ်နိုင်ရေးနှင့် ကုန်တင်/ကုန်ချ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးတို့ အတွက် ဝန်ဆောင်မှု ပေးရသော ဌာနတစ်ခု ဖြစ်ပါသည်။ အဓိကအားဖြင့် ဆိပ်ခံတံတားများ၊ သိုလှောင်ရုံများ၊ ကုန်သို လှောင်ရန် လွင်ပြင်များနှင့် ကုန်ကိုင်တွယ် ကိရိယာများကို ပံ့ပိုးပေးရခြင်း၊ ကုန်တင်/ချ ဆောင် ရွက်ပေးရခြင်းနှင့် ဆိပ်ကမ်းသို့ ဝင်/ထွက်သည့် ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေးအတွက် ရေကြောင်းပြလုပ်ငန်း စီစဉ်ပေးရခြင်းများကို အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်မှ ပြဋ္ဌာန်း ထားသော စည်းမျဉ်းများနှင့် အညီ ဆောင်ရွက်လျက်ရှိပါသည်။