ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် သမိုင်းကြောင်း

သမိုင်းကြောင်း

  • ၁၉၆၃ ခုနှစ်မှ စတင်၍ ကုန်သွယ်ရေကြောင်းနှင့် အင်ဂျင်နီယာအရာရှိလောင်း သင်တန်းများကို  ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။
  • ထို့နောက် ၁၉၇၂ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်း အမည်ဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။

  • ရေကြောင်းပညာသိပ္ပံ၏ တိုးချဲ့ဖွဲ့စည်းပုံအား ထောက်ခံခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်တွင် ကျင်းပသော နိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၀၅)၏ ဆုံးဖြတ်ချက်အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အတည်ပြုခဲ့ပါသည်။
  • အဆိုပါ တိုးတက်အောင်မြင်မှုများအပြင် (Lloyd’s Register Quality Assurance – LRQA) မှ သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှု စံချိန်စံညွှန်းနှင့် ကိုက်ညီသဖြင့် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် (LRQA) ကပေးအပ်သော နိုင်ငံတကာအဆင့် အရည်အသွေးစီမံခန့်ခွဲမှု စံချိန်မီ အသိအမှတ်ပြုလက်မှတ် (ISO 9001:2008 Certification) ကို ထိုက်ထိုက်တန်တန်ရှိခဲ့ပါသည်။
  • စဉ်ဆက်မပြတ် အောင်မြင်မှုများနှင့်အတူ ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာပညာရပ်များကို စာတွေ့လက်တွေ့အပြင် သရုပ်ပြလေ့ကျင့်မှုများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံ မှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အဆင့်သို့ အဆင့်မြှင့်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အမည်အဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ပြီ ဖြစ်ပါသည်။