ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း

 ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း​၏ တည်နေရာနှင့်အကျယ်အဝန်း

 

            ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းဘေး မိုင်တိုင်အမှတ် (၂) တွင် တည်ရှိ၍ ကျောင်းပိုင် မြေ အကျယ်အဝန်း စုစုပေါင်း (၁၉၆.၃၇ ဧက) ရှိပါသည်။

နောက်ခံသမိုင်း

  • မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန နှင့် သယ်ယူပို့ဆောင်ရေး စာတိုက်နှင့်  ကြေနန်းဆက်သွယ်ရေးဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန (၂) ဌာနခွဲ၍ ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၆၁ ခုနှစ်တွင်  ၎င်းဝန်ကြီးဌာန (၂) ခုကို  သယ်ယူပို့ဆောင်ရေးနှင့်  လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ပြောင်းလဲ၍ ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၇၂ ခုနှစ် မတ်လတွင် ၎င်းဝန်ကြီးဌာနကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဟု  ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း (၁၇) ဌာနဖြင့် ဖွဲ့စည်းခဲ့ရာတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။
  • ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းကို ယခင်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနလက်အောက် သင်တန်းကျောင်းအဖြစ် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၊ ဆင်မလိုက်သင်္ဘောကျင်း နေရာ၌ စတင်ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၌ “ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း”  အမည်ဖြင့် မိတ္ထီလာမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • မော်တော်ယာဉ်ဆိုင်ရာ သင်တန်းများ၊ ရထားပို့ဆောင်ရေးဆိုင်ရာ သင်တန်း များ၊ အထွေထွေစီမံခန့်ခွဲရေးသင်တန်း နှင့် ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
  • ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင်  ယခင်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို   ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊  ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန (၃) ခု အဖြစ် ခွဲခြားပြောင်းလဲဖွင့်လှစ်ခဲ့ရာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း သည် ရထားပို့ဆောင်ရေးဝန်ကြီးဌာန အောက်တွင် ပါဝင်ခဲ့ပါသည်။
  • ၂၉.၁.၁၉၉၂ ရက်နေ့မှစ၍ ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများ မပါဝင် တော့ဘဲ  မော်တော်ယာဉ်ဆိုင်ရာ၊ ရထားပို့ဆောင်ရေးဆိုင်ရာ သင်တန်းများ နှင့် အထွေထွေစီမံခန့်ခွဲရေး သင်တန်း များကိုသာ   ပို့ချခဲ့ပါသည်။
  • ၂၀၀၆ ခုနှစ်မှ စ၍ ဂဟေအခြေခံနှင့် စက်ဆင်အခြေခံသင်တန်း တို့ကို    မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) ရှိ Rail Transportations  Training Center (RTTC)  ကျောင်း၌ ပြောင်းရွှေ့တက်ရောက်ခဲ့ကြသည့် အတွက် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ စက်မှုလက်မှုသင်တန်း ဌာနခွဲအနေဖြင့်    လျှပ်စစ်အခြေခံသင်တန်း တစ်မျိုးတည်းကိုသာ ဖွင့်လှစ် ပေးနိုင်ခဲ့ပါသည်။
  • ၁၉-၆-၂၀၁၅  ရက်နေ့ ဒုတိယဝန်ကြီး (ရထား) ကျောင်းသို့ လာရောက်စဉ် ရထားဆိုင်ရာ ဆက်သွယ်ရေးသင်တန်းများ ဖွင့်လှစ်ရန်  လမ်းညွှန်မှုပြုခဲ့ပါသဖြင့်  ၂၀၁၅-၂၀၁၆ သင်ကြားလေ့ကျင့်ရေးနှစ်တွင် သင်တန်း (၃) မျိုး ဖွင့်လှစ် ပို့ချပေးနိုင်ခဲ့ပါသည်။
  • ၃၀. ၃ .၂၀၁၆ ရက်နေ့တွင်   ပို့ဆောင်ရေးဝန်ကြီးဌာန၊  ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန တို့အား ပေါင်းစည်းပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ‌ကျောင်း အနေဖြင့် ဝန်ကြီးရုံးနှင့် လက်အောက်ခံဦးစီးဌာန/ လုပ်ငန်းအဖွဲ့အစည်း  (၁၈) ခုမှ   ဝန်ထမ်းများ၏   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။
  • လက်ရှိအခြေအနေတွင် ရထားဆိုင်ရာသင်တန်းများ၊ မော်တော်ယာဉ်သင်တန်း များ၊ ရထားဆိုင်ရာဆက်သွယ်ရေးသင်တန်းများ၊ စာတိုက်မှူး နှင့်   စာတိုက် ငွေစာရင်းသင်တန်း များကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။