ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ကုန်းလမ်းပို့ဆောင်ရေး

ကုန်းလမ်းပို့ဆောင်ရေး၏ သမိုင်းကြောင်း

ကုန်းလမ်းပို့ဆောင်ရေးသည် ၁၉၅၉ ခုနှစ်မှစ၍ ယနေ့အထိ အောက်ပါအတိုင်း အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်ခဲ့ပါသည် -

  • ၁၉၅၉ ခုနှစ်တွင် စစ်ဘက်ကုန်စည်ဖြန့်ချိရေးအဖွဲ့၏ ရင်းနှီးမတည်ငွေဖြင့် "နေပြည်တော် ပို့ဆောင်ရေးကုမ္ပဏီ" အဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ ပါသည်။
  • ၁၉၆၂ ခုနှစ်တွင် နေပြည်တော်ပို့ဆောင်ရေးကုမ္ပဏီအား "မြန်မာနိုင်ငံစီးပွားတိုးတက် ရေး ကော်ပိုရေးရှင်း"  BURMA ECONOMIC DEVELOPMENT CORPORATION (BEDC) အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။
  • ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
  • ၁၉၇၂ ခုနှစ်တွင် ပြည်သူပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း" အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
  • ၁၉၈၉ ခုနှစ်တွင် ပြောင်းလဲကျင့်သုံးလျက်ရှိသော စျေးကွက်စီးပွားရေးစနစ်နှင့် လျော်ညီစွာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် " ကုန်းလမ်းပို့ဆောင်ရေး"  အမည်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ 

ကုန်းလမ်းပို့ဆောင်ရေး၏ ရည်မှန်းချက်တာဝန်

ကုန်းလမ်းပို့ဆောင်ရေး၏ လုပ်ငန်းရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ကုန်စည်/ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများကို ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များဖြင့် အကျိုးတူ တိုးချဲ့ဆောင်ရွက်ပြီး ပြည်သူလူထုအား ထိရောက်သက်သာသော ဝန်ဆောင်မှုပေးရန်နှင့် ဝင်ငွေ တိုးမြှင့်ရှာဖွေရန်၊
  • ပြည်နယ်/တိုင်း ဒေသကြီးများအားဆက်စပ်၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အများပိုင် ကော်ပိုရေးရှင်း ထူထောင်၍ လုပ်ငန်းဆောင်ရွက်ရန်၊
  • ကုန်းလမ်းပို့ဆောင်ရေးရှိ သက်တမ်းလွန် ယာဉ်ဟောင်းများအားအပ်နှံပြီး ယာဉ်သစ် များ ဖြည့်တင်း နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊
  • အဆင့်မြင့်ယာဉ်များအား ပြုပြင်နိုင်သည့် ယာဉ်ပြင်သင်တန်းများ၊ ယာဉ်မောင်း သင်တန်းများ ဖွင့်လှစ်ပေးလျက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်၊
  • မြို့တွင်းပို့ဆောင်ရေးလုပ်ငန်းများအား ခေတ်မီယာဉ်များ၊ ခေတ်မီနည်းစနစ်များဖြင့် ပြေးဆွဲ ဆောင်ရွက်သွားရန်၊
  • ကွန်တိန်နာတင် ယာဉ်များအသုံးပြု၍ Multi Model စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်ရန် သာမက နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကိုပါ တိုးချဲ.လုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားရန်၊