သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၊ တင်ဒါအမှတ်စဉ် ( ITCS - ၄၉ /၂၀၂၅ )
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ Endpoint Security လိုင်စင် ဝယ်ယူခြင်းလုပ်ငန်း (Turnkey) အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
၂။ တင်ဒါပုံစံ စတင်ရောင်းချမည့်ရက် − ၃ - ၁၂ -၂၀၂၅ (ဗုဒ္ဓဟူးနေ့)
၃။ တင်ဒါပုံစံ အရောင်းပိတ်မည့်ရက် − ၁၇ - ၁၂ -၂၀၂၅ (ဗုဒ္ဓဟူးနေ့)
၄။ တင်ဒါပုံစံ တစ်စုံကျသင့်ငွေ(ကျပ်) − ငွေကျပ် ၁၀,၀၀ဝိ/
၅။ တင်ဒါပုံစံ ရောင်းချမည့်နေရာ − စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊
ရုံးအမှတ်(၂) ၊နေပြည်တော်
၆။ တင်ဒါတင်သွင်းရမည့်နေရာ − တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ စီမံရေးရာနှင့်ထောက်ပံ့ဌာနခွဲ၊
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊
ရုံးအမှတ်(၂) ၊ နေပြည်တော်
၇။ တင်ဒါနောက်ဆုံးတင်သွင်းရမည့် − ၂၉ - ၁၂ -၂၀၂၅ (တနင်္လာနေ့)
ရက်နှင့်အချိန် (၀၉း၃၀) နာရီမှ (၁၂:၀၀) နာရီထိ
၈။ အသေးစိတ်အချက်အလက်များအား သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၀၇၇၅၃ နှင့် သတင်းအချက်အလက် စနစ်နှင့် ကွန်ရက်လုံခြုံရေးဌာနခွဲ၊ ဇမ္ဗူ့ကျက်သရေလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ ဖုန်း ၀၆၇၃၄၂၂၂၇၄ နှင့် ၀၉၄၂၄၀၀၀၄၇၅ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ(ဆက်သွယ်ရေး)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်
တင်ဒါအမှတ်စဉ် (ITCS – ၄၉/၂၀၂၅) တင်ဒါဖောင်ကြေး သတ်မှတ်ချက်
|
အကြောင်းအရာ |
ကျပ်ငွေ |
|
Endpoint Security လိုင်စင် ဝယ်ယူခြင်း လုပ်ငန်း (Turnkey) |
၁၀,၀၀ဝိ/- |

